Monday, August 17, 2009

WHERE IS MY MOON


လကို ဖမ်းဖို့ပိုက်ကွန်ရက်တဲ့ အချိန်က အပျော်ဆုံးပဲတဲ့... ကျွန်တော့ လမင်းက ကောင်းကင်မှာ မရှိတော့ဘူးဗျ... ဘယ်လမင်း အတွက် ပိုက်ကွန်ကိုရက်ရမလဲ....... .....

Monday, July 20, 2009

သတိ .ထီး


လူတစ်ယောက် သင်းအုပ် ဘုန်းတော်ကြီးထံသို့ သူ၏အပြစ်ကို ၀န်ချတောင်းပန်သည်။

ဘုန်းတော်ကြီး ။ ။ မင်းမှာဘာအပြစ်ရှိလို့လဲ။
လူ ။ ။ ကျွန်တော်အရင်တစ်ပတ်က ကျွန်တော့်သူငယ်ချင်းအိမ်ကို သွားလည်တယ်။ သူ့အိမ်ရောက်တော့ သူကမရှိဘူး။ အိမ်မှာသူ့မိန်းမပဲရှိတယ်။ အဲဒါနဲ့ကျွန်တော်ပြန်မယ် လုပ်တော့ .. မိုးက ၀ုန်းကနဲဆို ရွာချရော။ ထီးကလည်းမပါဘူး။ ဒါနဲ့ပဲ သူငယ်ချင်းမိန်းမက မိုးခိုရင်းကော်ဖီသောက်လိုက်ဆို ပြီး ကော်ဖီဖျော်တိုက်တယ်။ အဲ ... မိုးကလည်းတော်တော်နဲ့ မစဲဘူး။ အဲဒါနဲ့ပဲ မထိန်းနိုင်ဖြစ်ပြီး သူငယ်ချင်းမိန်းမနဲ့မှားသွားမိတယ်။ အဲဒါကြောင့် ခွင့်လွှတ်ပါ။

ဘုန်းတော်ကြီး ။ ။ ရပါတယ်။ ဒါကလူတိုင်းဖြစ်နိုင်တာပဲ။ ခွင့်လွှတ်ပါတယ်။
လူ ။ ။ မပြီးသေးဘူး။ လွန်ခဲ့တဲ့သုံးရက်လောက် ကကျွန်တော် ယောက္ခမအိမ်ကို သွားလည်တယ်။ မိန်းမကလည်း မအားလို့မလိုက်တော့ဘူးတဲ့။ ယောက္ခမ အိမ်ရောက်တော့ သူမရှိဘူး။ Party သွားတယ်တဲ့။ ကျွန်တော့်ခယ်မ တစ်ယောက်ပဲအိမ်မှာရှိတယ်။ အဲဒါနဲ့ မကောင်းပါဘူးလေ ဆိုပြီး ပြန်မယ်လုပ်တော့ မိုးကရွာကော။ ထီးမပါလာပြန်ဘူး။ ဒါနဲ့ခယ်မကလည်း ကော်ဖီဖျော်တိုက်တယ်။ မိုးကလည်းတော်တော်နဲ့မတိတ်ဘူး။ အဲဒီ့မှာပဲ မထိန်းနိုင်ပဲ မှားသွားမိသေးတယ်။

ဘုန်းတော်ကြီး ။ ။ အင်း......... နည်းနည်းတရားလွန်ပေမယ့် ခွင့်လွှတ်လိုက်ပါတယ်။

လူ ။ ။ နောက်တစ်ခုကျန်သေးတယ်။ မနေ့က ကျွန်တော့်အဒေါ်အိမ်သွားတယ်။ အဒေါ်ဆိုတာ အဖွားရဲ့မွေးစားသမီးပါ။ ကျွန်တော်နဲ့တော့ ဘာမှမတော်ပါဘူး။ သူကလည်းအိမ်မှာမရှိဘူး။ သူ့ရဲ့သားပဲအိမ်မှာရှိတယ် ။ ကျွန်တော်ပြန်မယ်လုပ်တော့ မိုးကသဲသဲမဲမဲ ကိုချတော့တာပဲ။ အဲဒါနဲ့သူ့ရဲ့သားက ကော်ဖီဖျော်တိုက်တယ်။ ထီးမပါတော့ပြန်လို့မရဘူးပေါ့။ အဲဒီ့မှာပေါ့ ... အဒေါ့်သားကနည်းနည်းနွဲ့နွဲ့လေး ဆိုတော့ကျွန်တော်လည်း ....................

ဘုန်းတော်ကြီး ။ ။ တော်တော် .. ဆက်မပြောနဲ့တော့။ ငါအကုန်လုံးကိုခွင့်လွှတ်တယ်။ ပြီးပြီမဟုတ်လား။ မင်း မင်း... မြန်မြန်ပြန်တော့။ မင်းဒီကိုလာတာထီးလည်းမပါဘူး။
အခုအပြင်မှာမိုးအုံ့နေပြီ။

Friday, July 17, 2009

Here is a short story with a beautiful message...


Little girl and her father were crossing a bridge.
The father was kind of scared so he asked his little daughter,
'Sweetheart, please hold my hand so that you don't fall into the river.'
The little girl said, 'No, Dad. You hold my hand.'
'What's the difference?' Asked the puzzled father.
'There's a big difference,' replied the little girl.
'If I hold your hand and something happens to me,
chances are that I may let your hand go.
But if you hold my hand, I know for sure that no matter what happens,
you will never let my hand go.'
In any relationship, the essence of trust is not in its bind, but in its bond.
So hold the hand of the person who loves you rather than expecting them to hold yours...
This message is too short......but carries a lot of Meaning

Tuesday, July 7, 2009

HOWTO Format and do a clean install of Windows XP

Thursday, July 2, 2009

သင်ဘယ်ဘုံသို.လားမြည်နီး


ကာမ ၁၁ ဘုံ
အပါယ်လေးဘုံ၊
၁။ ငရဲ
၂။ တိရစ္ဆာန်
၃။ ပြိတ္တာ
၎။ အသူရကာယ်

၅။ လူ့ဘုံ

နတ်ပြည် ခြောက် ထပ်
၆။ စတုမဟာရာဇ်
၇။ တာဝတိံသာ
၈။ ယာမာ
၉။ တုသိတာ
၁၀။ နိမ္မာနရတိ
၁၁။ ပရနိမ္မိတ၀သဝတ္ထီ

ဗြဟ္မာဘုံ ၂၀
ရူပဗြဟ္မာ ၁၆ ဘုံ
ပထမ ဈာန် ၃ဘုံ
၁၂။ ဗြဟ္မပါရိသဇ္ဇာ
၁၃။ ဗြဟ္မပုရောဟိတာ
၁၄။ မဟာဗြဟ္မာ

ဒုတိယ ဈာန်ဘုံ ၃ဘုံ
၁၅။ ပရိတ္တာဘာ
၁၆။ အပ္ပမာဏဘာ
၁၇။ အာာဘဿရာ

တတိယ ဈာန်ဘုံ ၃ဘုံ
၁၈။ ပရိတ္တသုဘာ
၁၉။ အပ္ပမာဏသုဘာ
၂၀။ သုဘကိဏ္ဏာ

စတုတ္ထ ဈာန်ဘုံများ၇-ဘုံ
၂၁။ ဝေဟပ္ဖိုလ်
၂၂။ အသညသတ် ,,,,,,,,,,,,,,, ရုပ်သက်သက်သာရှီပြီး နာမ်မရှိချေ။
၂၃။ အဝိဟာ
၂၄။ အာတပ္ပာ
၂၅။ သုဒဿာ
၂၆။ သုဒဿီ
၂၇။ အကနိဋ္ဌ

အရူပဗြဟ္မာ ၄ဘုံ
၂၈။ အကာသာနဉ္စာယတန
၂၉။ ဝိညာနဉ္စာယတန....... ရုပ်မရှိဘဲ နာမ်ချည်းများသာရှိသော ဗြဟ္မာဘုံဖြစ်၍ အရူပဗြဟ္မာ
ဟု ခေါ်သည်။
၃၀။ အကိဉ္စညာယတန
၃၁။ နေဝသညာနာသညာယတန

Monday, June 29, 2009

ထူးပ's Photos


Find more photos like this on Myanmar Blogger Society

Tuesday, June 23, 2009

ကြယ်လေး


ကြယ်လေးအတွက်... နင်.အတွက်တော.အမှတ်တမဲ.ပါပဲ အမှတ်တရဖြစ်နေတဲ.ငါ.မှာသာ တစ်ဖက်သတ်ကြိုးတွေနဲ.တုပ်နှောင်ခံနေရတာတစ်ကယ်ပဲမသိတာလား မသိချင်ဟန်ဆောင်နေတာလား တစ်ကယ်ဆိုစိတ်ထဲမပါတဲ.စကားတွေကိုမကြာခနပြောတတ်တဲ.ငါဟာ...နင်စိတ်ဆိုးမှာတော.အရမ်းစိုးရိမ်မိသူပါ... ကြယ်ပွင်.လေးရေ... တစ်ခါတစ်လေမှာ ငါရွဲ.ပြီးပြောတဲ.စကားတွေကို အထအနကောက်တတ်တဲ.နင်က ငါ.ရင်ကိုသေချာမမြင်တတ်ခဲ.သလို ပြစ်ဒဏ်သင်.နေတဲ.နှလုံးသားကိုမှနင်ကမာနကြီးတယ်လို.ထင်နေခဲ.သလား
ကြယ်ပွင်.ကလေးရယ်...
မာနဆိုတာငါ.အဘိဓါန်မှာမရှိသလိုဖြစ်ချင်တာထက်ဖြစ်သင်.တာကိုဦးစားပေးနေရတဲ.ငါ.ရဲ.ဘ၀လက်ရှိအနေအထားကိုနင်နားလည်မှာမဟုတ်ပါဖူး ကြယ်ပွင်.လေးရေ...
ငါလဲလူပဲ
တစ်ခါတစ်လေကြတော. ငါလည်းသူများတွေလို သာယာတဲ.အရိပ်တစ်ခုမှာနားခိုခွင်.ရချင်တာပေါ.
ကြယ်ပွင်.လေးရယ်...
မသိလို.မှားတာဟာအပြစ်တစ်ခုမဟုတ်ပေမဲ. သိရက်နဲ.မှားနေတဲ.ငါဟာ သဘောတရားတွေကိုနားမလည်လို.မှမဟုတ်ဘဲ
တစ်ကယ်ဆို...
ရတာတွေကိုမလိုလိုတာတွေကိုမရခဲ.တဲ. ငါ.ရဲဘ၀အလိုမကျမှုတွေထဲမှာနင်လည်းပါဝင်ခဲ.ဖူးတယ်............

တိုးတိုးတိတ်တိတ်


တိုးတိတ်သော... နင်.ကိုချစ်ခြင်းနဲ.အိပ်စက်ပြီး နင်.ကိုချစ်ခြင်းနဲ.ငါနိုးထတယ် ဘာတစ်ခုမှမရေရာတဲ.လောကကြီးထဲမှာ ဘာတစ်ခုမှမသေချာတဲ. ငါ.ဆုံးဖြတ်ချက်တွေကြားမှာ ငါဝန်မခံလိုတဲ.အချစ်တွေကတစ်နေ.တစ်ခြားပိုပိုပြီပြင်လာတယ် ဖြစ်ချင်တာရယ်... ဖြစ်သင်.တာရယ် ဘာလို.များထပ်တူမကျခဲ.ပါသလဲ နှလုံးသားကနင်းခြေရင်းမှာ ၀ပ်စင်းပစ်လိုက်ဖို.ပြောနေပေမဲ.ခပ်ကြာကြာတွေးမိတဲ.အတွေးတွေအားလုံးက နင်.ကိုလုံးဝငြင်းဆန်နေတယ် ခေါင်းညိတ်ပစ်လိုက်ဖို.ကလွဲရင်အရာအားလုံးနင်.အလိုကျငါ.မာနတွေခ၀ါချပြီး တိုးတိုးတိတ်တိတ်... လွမ်းပါရစေ....

Monday, June 22, 2009

စိတ္တဇဆေးရုံ


တခါက XXXX သည် စိတ္တဇဆေးရုံ (ကြံဖွတ်ရုံး)သို့ သွားရောက် ကြည့်ရှုခဲ့သည်။
ကြံဖွတ်ရုံးရှိ လူနာများက အကြီးအကဲကို တွေ့သည်နှင့်.. "XXXXကြီး
ကျန်းမာပါစေ...နေကောင်းပါစေ....သက်တော်ရှည်ပါစေ..." ဟု ကောင်းချီးပေးကာ
ကြိုဆိုကြသည်။ သို့သော် ထိုလူနာတဦးမှာ ဘာမှမပြောဘဲ XXXX အား မျက်နှာလွှဲပြီး
နေသည်။ အကြီးအကဲက မြင်သော်
"ဒီလူနာက ငါ့ကို မြင်တာတောင် မကြိုဆိုပါလား" ဟု ဆေးရုံအုပ်အား မေးလိုက်သည်။

ဆေးရုံအုပ် ပြန်ဖြေလိုက်သည်မှာ "လူနာရဲ့စိတ် ဒီနေ့ အခြေအနေကောင်းနေတယ်" ဟူတည်း။

နေပြည်တော်


တခါက XXXX သည် နောက်လိုက်များနှင့် အစည်းအဝေးအတွက် နေပြည်တော်မှ
ခရီးထွက်ကြသည်။ လမ်းတွင် မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပြီး အားလုံး ဆေးရုံသို့
ရောက်သွားကြသည်။ XXXX ၏ သတင်းကို မေးမြန်းစုံစမ်းရန်အတွက် သတင်းထောက်များ
လာရောက်ပြီး ဆရာဝန်အား မေးမြန်းခဲ့ကြသည်။

သတင်းထောက်....ဆရာ...ဆရာ..XXXX အခြေအနေ ဘယ်လိုလဲ
ဆရာဝန်..........အင်း...အခြေအနေ မကောင်းဘူး
သတင်းထောက်......သူ့ရဲ့ နောက်လိုက်တွေကော
ဆရာဝန်........သူတို့လဲ အခြေအနေ မကောင်းဘူး
သတင်းထောက်......ဒါဆို ဘယ်သူအခြေအနေ ကောင်းလဲ ဆရာ
ဆရာဝန်........ငါတို့တိုင်းပြည် အခြေအနေ ကောင်းပြီ

Sunday, June 21, 2009

လုယက်


တခါက XXXX သည် ညအချိန်တွင် တယောက်တည်း အပြင်ထွက်မိရာ လမ်းတွင် လုယုက်သူနှင့်
တိုးသည်။

လုယက်သူ.......ပါသမျှ ပိုက်ဆံ အကုန်ထုတ်
XXXX .....ငါဘယ်သူလဲ သိလား...ငါဟာ ဒီတိုင်းပြည်ရဲ့ အကြီးအကဲကွ
လုယက်သူ.......ဒါဆို ယူထားသမျှတွေ အကုန်ပြန်ပေး

Saturday, June 20, 2009

ရီလိုက်ရတာ


တခါက XXXX သည် မိမိ၏ နာမည်နှင့် ဂုဏ်ကို မြှင့်တင်ချင်သည့်အတွက် ကိုယ့်ပုံကို
တံဆိပ်ခေါင်းအဖြင့် ထုတ်ဝေခဲ့သည်။
ထုတ်ဝေပြီး တလအကြာတွင် ရောင်းအားကောင်းမကောင်း ရန်ကုန်စာတိုက်ကြီးသို့
ကိုယ်တိုင်သွားရောက် စုံစမ်းခဲ့သည်။

XXXX..... ငါ့ပုံနဲ့ တံဆိပ်ခေါင်း ရောင်းအား ကောင်းလားဟေ့
စာတိုက်မှုး......ကောင်းပါတယ်......ဒါပေမယ့် တံဆိပ်ခေါင်းကော် သိပ်မကပ်ဘူးလို့
ပြောကြတယ်။
XXXX......မဖြစ်နိုင်တာ

ကိုယ်တိုင် တံဆိပ်ခေါင်း တခုကို ယူပြီး နောက်ကျောကို တံထွေး ထွေးကာ
စာအိတ်ပေါ်တွင် ကပ်ကြည့်လိုက်သည်။

XXXX.......ကပ်တာမှ မြဲနေတာပဲ
စာတိုက်မှုး.......သူတို့က တံထွေးကို တံဆိပ်ခေါင်းရှေ့ ထွေးကြလို့ပါ။

ဘယ်သူလဲ XXXX ရေးပေးကြပါ..comment.

ဪမိန:်မမိန:်မ



လူတစ်ယောက် လမ်းပေါ်မှာ လျှောက်လာရင်း သူ့အနောက်ဘက်က အသံတစ်သံ
ကြားလိုက်ရပါတယ်။ “မင်း နောက်တစ်လှမ်းလျှောက်ရင် ခေါင်းပေါ်ကို
အုတ်ခဲတစ်လုံးပြုတ်ကျပြီး မင်းသေလိမ့်မယ်”။ အသံကြောင့် လူလည်း
လမ်းလျှောက်တာ ရပ်လိုက်တဲ့အချိန်မှာ သူ့အရှေ့တည့်တည့်ကို တကယ်ပဲ
အုတ်ခဲတစ်လုံး ပြုတ်ကျလာလို့ အရမ်းအံ့အားသင့်သွားပါတယ်။

အဲဒီလူ ဆက်လျှောက်လာရင်း လမ်းဖြတ်ကူးရမယ့် နေရာအရောက်မှာ စောစောကအသံ
ထွက်လာပြန်ပါတယ်။ “ရပ်လိုက်။ လုံးဝဆက်မလျှောက်နဲ့။ နောက်ထပ်တစ်လှမ်း
လှမ်းလိုက်ရင် မင်းကိုကားကြိတ်ပြီး သေလိမ့်မယ်။” လူလည်း
အသံခိုင်းတဲ့အတိုင်း ရပ်နေစဉ်မှာပဲ လမ်းထောင့်ကကားတစ်စီး ရုတ်တရက်
ထွက်လာပြီး သူသီသီလေး လွတ်သွားပါတယ်။ လူလည်း သိချင်စိတ်နဲ့ “ခင်ဗျား
ဘယ်သူလဲ” လို့ အသံကို မေးလိုက်ပါတယ်။ အသံက “ငါက မင်းရဲ့
ကိုယ်စောင့်နတ်ကွ” လို့ ပြန်ဖြေပါတယ်။ အဲဒီအခါမှာ လူက စိတ်ပျက်လက်ပျက်နဲ့
မေးလိုက်ပါတယ်... “ဒါနဲ့များ ကျွန်တော် မင်္ဂလာဆောင်တုန်းက
ကိုယ်စောင့်နတ်ကြီး ဘယ်များရောက်နေခဲ့လည်းဗျာ.....”

မင်္ဂလာပွဲ


မင်္ဂလာပွဲရဲ့ ပရိသတ်အားလုံးဟာ ဖခင်ဖြစ်သူက သတို့သားရှိရာဆီကို
မင်းလမ်းတလျှောက် တွဲခေါ်လာတဲ့ လှလှပပသတို့သမီးလေးကို ငေးကြည့်နေကြ ပါတယ်။
သူတို့နှစ်ယောက် သတို့သားရှိရာ စင်မြင့်ပေါ်ရောက်တဲ့အခါ သတို့သမီးက
သူ့ဖခင်ကို ညင်ညင်သာသာနမ်းလိုက်ပြီး လက်ထဲကို တစ်စုံတစ်ခု
ထည့်ပေးလိုက်ပါတယ်။ ကြည့်နေတဲ့ ဧည့်ပရိသတ်တွေဟာ သတို့သမီးလေး
သူ့ဖခင်ရဲ့လက်ထဲကို ဘာထည့်ပေးလိုက်သလဲဆိုတာ သိပ်သိချင်သွားကြပါတယ်။
ဘာလဲဆိုတာကို ပြောပြစေချင်တဲ့ အကြည့်တွေနဲ့ ၀ိုင်းကြည့်နေတဲ့
မျက်လုံးတွေကြောင့် ဖခင်ဖြစ်သူဟာလည်း လူတွေသိပ်သိချင်နေမှန်း
ရိပ်မိသွားပြီး ကြေညာလိုက်ပါတော့တယ်။
“ဧည့်ပရိသတ်များ ခင်ဗျာ... ဒီနေ့ဟာ ကျွန်တော့်ဘ၀ရဲ့
ကံအကောင်းဆုံးနေ့ပါ... ” ပြောရင်း သူ့သမီးပေးတဲ့
ပစ္စည်းလေးဆုပ်ကိုင်ထားတဲ့ လက်ကိုမြှောက်ပြလိုက်ပြီး “နောက်ဆုံးတော့
ကျွန်တော့သမီးလေး ကျွန်တော့ Credit Card ကို ပြန်ပေးပါပြီဗျာ...”
လက်ထပ်ပေးမယ့် ဘုန်းတော်ကြီး အပါအ၀င် ဧည့်ပရိသတ်အားလုံး ရယ်ကြပါတော့တယ်။
သတို့သားက လွဲရင်ပေါ့လေ...

Friday, June 19, 2009

နိုင်ငံတကာ ပြိုင်ပွဲ


ကမ္ဘာ့ တပ်မတော်များအကြားမှာ ပေါင်မုန့်စား ပြိုင်ပွဲတခု ကျင်းပသည်။
တစ်ကြိမ်တည်းနှင့် မည်သည့် တပ်မတော်သားက အများဆုံး စားနိုင်သလဲ ဆိုသည်ကို ဖော်ထုတ်မည့်ပွဲ ဖြစ်သည်။

ပထမဆုံး ဗလကောင်းကောင်းနှင့် အမေရိကန်စစ်သား ထွက်လာသည်။
ပေါင်မုန့်နှစ်လုံးကို စားလိုက်သည်။ နောက်ထပ် မစားနိုင်တော့။

ပြင်သစ်စစ်သားထွက်လာသည်။ ပေါင်မုန့် သုံးလုံး စားနိုင်သည်။ နောက်ထပ် ထပ်မစားနိုင်တော့။

ဂျာမန်စစ်သား အလှည့်ရောက်လာသည်။ ပေါင်မုန့်လေးလုံးခွဲ ကုန်အောင် စားနိုင်သည်။ နောက်ထပ်မစားနိုင်တော့…

မြန်မာစစ်သား ထွက်လာသည်။ တလုံးကုန်အောင်မပြောနှင့် လေးပုံတပုံတောင် မနဲကုန်အောင် စားနေရသည်။

ဌင်းစစ်သားကို ပြိုင်ပွဲဝင်ရန်စေလွှတ်သည့် တာဝန်ခံအရာရှိအား ကာကွယ်ရေးဝန်ကြီးက ခေါ်ပြီး ကြိမ်းမောင်းသည်။

"ဘယ်လိုကောင်မျိုးကို မင်းလွှတ်လိုက်သလဲကွ။ ငါလို အသက်ကြီးတဲ့ လူတောင် ကြိုးစားစားရင် တလုံးတော့ ကုန်နိုင်ပါတယ်ကွ"
တာဝန်ခံဗိုလ်မှူးက ပြန်ပြောသည်။
"ဒီတပ်သားဟာ အခုလိုဖြစ်သွားတာနဲ့ ပတ်သက်ပြီး ကျနော်လဲ မစဉ်းစားတတ်အောင် ဖြစ်ရပါတယ်။ ပြိုင်ပွဲ မစတင်မီ ၁၀ မိနစ်အလိုမှာ ကျနော်တို့ သူ့ကို ကြိုတင်လေ့ကျင့်ခိုင်းတုန်းကတောင် တခါတည်းနဲ့ ၁၂လုံးကုန်အောင် စားပြလိုက်သေးတယ် ခင်ဗျ"

အိပ်မပျော်သောည


တည်းခိုခန်းပိုင်ရှင်က ဧည့်သည်ကိုပြောသည်။
"ညက ကောင်းကောင်း အိပ်ပျော်ပါရဲ့လား ခင်ဗျာ"
"မမေးရင် ပိုကောင်းမယ်၊ မနေ့ညက အိပ်ရာထဲမှာ ဂျပိုးအသေတကောင်ကို တွေ့ရတယ်"
"အသေတကောင်အတွက်နဲ့ ဒီလောက်တောင် စိတ်အနှောင့်အယှက်ဖြစ်သွားလားဗျာ"
"အသုဘကို လိုက်ပို့တဲ့ သူ့ဆွေမျိုးသားချင်းတွေကို ခင်ဗျားမြင်ရင် ဒီစကားမျိုးပြောမှာ မဟုတ်ဘူး ဟင်းးးး"

မြန်မာပြည်


တခါက အမေရိကန်သမ္မတရယ် ၊ တရုတ်သမ္မတရယ် ၊ ကျွန်တော်တို့ရဲ့ ဘဘကြီးသန်းရွှေရယ် ထာဝရဘုရား သခင်ကို သွားတွေ့ကြသတဲ့။

ထာဝရဘုရားသခင်က သင်တို့သိလိုရာကို မေးကြပါဆိုတော့ တယောက်ပြီးတယောက် မေးကြတော့တာပေါ့။ ပထမဆုံး အမေရိကန်သမ္မတက မေးတယ်။

`ဘယ်တော့များမှ အမေရိကန်နိုင်ငံဟာ ကမ္ဘာကြီးတစ်ခုလုံးကို နိုင်ငံရေး ၊ စစ်ရေးအရ ပြိုင်ဘက်မရှိ လွှမ်းမိုး နိုင်မှာလဲ´တဲ့။ ထာဝရဘုရားသခင်က ခေတ္တခန့်စဉ်းစားပြီး ပြန်ဖြေလိုက်တယ်။

`ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီတော့ဘူး´တဲ့ ။ အမေရိကန်သမ္မတလည်း ထာဝရဘုရားသခင် အဖြေ ကိုကြားပြီးနောက် ငိုပါလေရော။

တရုပ်သမ္မတကလဲ ထာဝရဘုရားသခင်ကို `ဘယ်တော့များမှ တရုပ်ပြည်ဟာ ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကို လွှမ်းမိုးနိုင်မှာလဲ´တဲ့။

ထာဝရဘုရားသခင်က ခုနလိုပဲ ခနစဉ်းစားပြီး ပြန်ဖြေလိုက်တယ်။ `ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီ တော့ဘူး´တဲ့ ။ တရုပ်သမ္မတလဲ ငိုပြန်ပါလေရော။

နောက်ဆုံး ကျူပ်တို့ရဲ့ ဘဘကြီးသန်းရွှေက အားကျမခံ ထာဝရဘုရားသခင်ကို မေးလိုက်တယ်။ သူ့မေးခွန်း လဲကြားပြီးရော ထာဝရဘုရားသခင်က ငိုပါလေရော။ သူမေးတာက `ဘယ်တော့များမှ မြန်မာပြည်မှ မီးတွေ ရေတွေ မှန်မှာလဲ´တဲ့။ မျက်ရည်လည်ရွှဲကြားက ထာဝရဘုရားသခင်က ပြန်ဖြေလိုက်တယ်။

`ဖြစ်တော့ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ငါမမှီတော့ဘူးတဲ့´ .... ။

ငရဲပြည်


တစ်နေ့တွင် ကျူပ်တို့၏ဇတ်လိုက်ကျော် ဂါးဖီးအား ရာမမင်းက ငရဲပြည်သို့ အလည်ခေါ်လေသည်။

`မောင်ဂါးဖီး ငရဲပြည်မှာလည်း လူ့ပြည်မှာလိုပဲ နိုင်ငံပိုင်နက်တွေခွဲပြီး ပြစ်မှုစီရင်တယ်။ ပြစ်မှုစီရင်ပုံ တွေကတော့ အတူတူပဲ။ မင်းကိုငါကခင်လေတော့ မင်းဘယ်နိုင်ငံသွားလေ့လာချင်လဲပြော'

`ကျွန်တော်က အတိုးတက်ဆုံး အမေရိကန်ငရဲ ၊ ဂျပန်မလှလှလေးတွေရှိမယ့် ဂျပန်ငရဲနဲ့ နောက်ဆုံး မြန်မာ နိုင်ငံ ငရဲတွေကို ကြည့်ချင်ပါတယ် ယာမမင်း´

အမေရိကန်ငရဲကိုသွားလေ့လာတဲ့အခါမှာ ငရဲသားများကို ပုံစံသုံးမျိုးနဲ့ ပြစ်မှုစီရင်နေတာကို တွေ့ရပါတယ်။ မနက်(၉)နာရီရောက်တာနဲ့ ငရဲခံရမယ့်လူတွေက စည်းကမ်းတကျ တန်းစီရပါတယ်။ ငရဲသားတွေက သူတို့ကို အလှည့်ကျ ဆူးကြာပွတ်တွေနဲ့ ရိုက်ပါတယ်။ အဲဒီနောက် လျှပ်စစ်ခုံပေါ်ထိုင်ခိုင်းပြီး လျှပ်စစ်နဲ့ အကြာကြီး ရိုက်ပါတယ်။ ညနေ(၄)နာရီလည်း ရောက်ရော ငရဲခံရမယ့်လူတွေကို ဆူးချွန်တွေ ထောင်ထွက်နေတဲ့ ဆူးမွှေ့ရာပေါ်မှာ အိပ်ခိုင်းပြီး တနေ့တာ နှိပ်စက်မှုကို အဆုံးသတ်ပါတော့တယ်။

ဂျပန်ငရဲနိုင်ငံကိုရောက်တော့လည်း အမေရိကန်ငရဲခန်းလိုပဲ သိပ်မကွာခြားပါဘူး။ ဒီလိုနဲ့ နောက်ဆုံး မြန်မာနိုင်ငံ ငရဲကို ရောက်လာပါတယ်။ မြန်မာငရဲနိုင်ငံမှာ ပါ့စ်ပို့အနီကိုင်ဆောင်ထားတဲ့ ငရဲခံရမယ့်လူတွေ အများအပြား အလုအယက် တိုးပြီးတန်းစီနေကြပါတယ် .. ။

`ယမမင်းကြီး မြန်မာငရဲမှာ ဘာဖြစ်လို့ လူတွေအရမ်းများနေရတာလဲ ၊ ဘာများထူးခြားလို့လဲ´

`မင်းဟိုရောက်တော့ အကြောင်းစုံသိပါလိမ့်မယ် မောင်ဂါးဖီးရယ်´

မြန်မာငရဲနိုင်ငံကိုရောက်သွားတဲ့အခါမှာ ငရဲသားတွေက မနက်(၉)နာရီလည်း မရောက် ၊ (၁၀)နာရီလည်း မရောက်နဲ့ (၁၁)နာရီထိုးခါနီးမှ ရောက် လာကြတာကို တွေ့ရပါတယ်။ ဆူးကြာပွတ်တွေနဲ့ ရိုက်မယ့် အချိန်လည်းရောက်ရော ငရဲသား ထမင်းစားချိန်ဖြစ်နေလို့ ရိုက်တောင်မရိုက်ဖြစ်တော့ပါဘူး။

နေ့လည်ရောက်တော့ လျှပ်စစ်ခုံပေါ် ထိုင်ခိုင်း ထားပြီး လျှော့ရိုက်မလို့ လုပ်ပါတယ်။ ခက်တာက မီးမလာပါဘူး။ ညနေ (၄) နာရီလည်း ရောက်ရော ငရဲခံရမယ့် လူတွေကို ဆူးမွှေ့ရာပေါ်မှာ အိပ်ခိုင်းပါတယ်။ အဲ.. ဆူးတွေက တော့ လုံးဝမတွေ့ပါဘူး ။ ငရဲသားတွေ လစာမလောက်လို့ ဖြုတ်ရောင်းပြီး အောက်ဆိုဒ် ရှာလိုက်လို့ပါတဲ့ဗျာ..။